Sunday, November 3, 2013

ကျနော် တွေ့ဆုံမေးမြန်းခွင့် ရလိုတဲ့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ် ၁၆ ဦး

ကျနော် တွေ့ဆုံမေးမြန်းခွင့် ရလိုတဲ့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ် ၁၆ ဦး

“အဖြေရှာနိုင်ငံရေး” ကို စိတ်ဝင်စားတဲ့၊ လွတ်လပ်တဲ့ မီဒီယာသမားတယောက်လည်းဖြစ်တဲ့ ကျနော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်မျှော်ပြီး တွေ့ဆုံမေးမြန်းခွင့်ရလိုတဲ့ ပုဂ္ဂိုလ် ၁၆ ဦး ရှိပါတယ်။

၁။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)
၂။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကာကွယ်ရေးဦးစီးချုပ်)
၃။ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ)
၎။ ဦးရွှေမန်း (ပြည်ထောင်စုလွှတ်တော် နာယက)
၅။ ဦးအောင်သောင်း (ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ)
၆။ ဗိုလ်ချုပ်ကြီး ခင်ညွန့် (အငြိမ်းစား)
၇။ ဒေါ်အောင်ဆန်းစုကြည် (NLD)
၈။ ဦးပေါက်ယူချန်း (UWSA)
၉။ ဗိုလ်ချုပ် ဂွမ်မော် (KIA)
၁၀။ ဗိုလ်ချုပ် မူတူး (KNU)
၁၁။ ပဒိုဒေးဗစ်သာကပေါ (KNU)
၁၂။ ဦးခွန်ထွန်းဦး (SNLD)
၁၃။ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ် (RCSS/SSA)
၁၄။ နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ)
၁၅။ ရဲဘော်ဖိုးသံချောင်း (ဗမာပြည်ကွန်မြူနစ်ပါတီ)
၁၆။ ကိုမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

ကာယကံရှင်တွေ လိုလိုလားလား ခွင့်ပြုမယ်ဆိုရင် အချိန်အလုံအလောက် တောင်းခံပြီး ဖော်ပြထားတဲ့ အမှတ်စဉ်အလိုက်ပဲ တယောက်ပြီးတယောက် တွေ့ဆုံမေးမြန်းခွင့် ရလိုပါတယ် (အမှတ်စဉ် ကျော်ပြီးတော့ မလုပ်လိုပါ)။

အမှတ်စဉ် ၁၆ ပြီးရင် အမှတ်စဉ် ၇ နဲ့ အမှတ်စဉ် ၁ ကို ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံမေးမြန်းလိုပါတယ်။ ကျနော် လက်လှမ်းမီဖို့ ခက်ခဲတဲ့ အမှတ်စဉ် ၁၊ အမှတ်စဉ် ၂၊ အမှတ်စဉ် ၃၊ အမှတ်စဉ် ၄၊ အမှတ်စဉ် ၅ တို့ကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ အကူအညီပေးနိုင်သူ မည်သူကိုမဆို အထူးကျေးဇူးတင်မှာဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ် ၅ ဦးကို တွေ့ဆုံမေးမြန်းခွင့် ရပြီးမှသာ ကျနော် ရည်ရွယ်ဆုံးဖြတ်ထားတဲ့အတိုင်း ကျန်တဲ့ အမှတ်စဉ်တွေကို ဆက်လက် ကြိုးစားလုပ်ဆောင်နိုင်မှာမို့ပါ။

ကျနော့်အနေနဲ့ မေးမြန်းသူနဲ့ ဖြေကြားသူအကြား ထားရှိမယ့် ကတိက၀တ်တွေကို လိုက်နာစောင့်စည်းဖို့ အပြည့်အ၀ တာဝန်ယူပါတယ်။ ဖြေကြားသူ တဦးချင်းနဲ့ အကြေအလည် သဘောတူညှိနှိုင်းပြီးမှသာ တွေ့ဆုံမေးမြန်းမှုတွေကို ပြည်သူလူထုထံ တစုတစည်းတည်း တင်ပြမှာဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်မျှော်တဲ့ ကျနော့်ရဲ့စိတ်ကူးဆန္ဒကို လူသိရှင်ကြား ထုတ်ပြန်အသိပေးလိုက်ရပါတယ်။

လက်တွေ့အကောင်အထည်ပေါ်လာဖို့ မလွယ်ကူသော်ငြား ပုဂ္ဂိုလ် ၁၆ ဦးစလုံးကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ အမှန်တကယ် ကူညီနိုင်သူများ ရှိပါက စေတနာ၊ မေတ္တာ ရှေ့ထားပြီး ၀ိုင်းဝန်းအကူအညီပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်။

(အကောင်အထည်ပေါ်မလာခဲ့ရင်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ဒေါက်တာလွဏ်းဆွေ တွေ့ဆုံမေးမြန်းခွင့် ရလိုတဲ့ ပုဂ္ဂိုလ် ၁၆ ဦး ရှိတယ်လို့သာ မှတ်ယူကြပါလေကုန် ...)

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
၃-၁၁-၂၀၁၃

Email – lunswe@gmail.com
Phone – (+66) 0812841418

8 comments:

Unknown said...

ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ် (ဗိုလ်မှူးကြီး မဟုတ်ပါ)

sanaung said...

အမှတ်စဉ် ၂ မှ ၁၆ အထိတွေ့ ဆုံရန်မခက်ခဲဘူးလို့ ထင်ပါတယ်.တကယ်တွေ့ ချင်တယ်ဆိုရင် ကိုယ်ရေးစာပို့ ပြီးတွေ့ ဆုံခွင့်တောင်းနိုင်ပါတယ်

ဒေါက်တာလွဏ်းဆွေ said...

malihka nmaihka ခင်ဗျား ...

အမှားထောက်ပြပေးတာကို ပြင်ဆင်လိုက်ပါပြီ။ ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

haymar said...

Ulay Lun Swe, if you could see and interview with No.1, do you think you would catch him? I mean he is not very intelligent but he is a wolf/murder/biggest cheat. And also his family members are terrible murders/robbers.
Pls.do not need to scare but be careful. If possible we do not want this family and their teams.

S.Maung Chain said...

I agree with Haymar's comment cause I got the same idea with her.I think he has to die the same way of U Nay Win.And then he has to get terrible hell another life.

Tomahawk said...

I am not trying to attack you personally but your thoughts are very childish.
You are thinking in Burmese and writing in English. That is really hard to understand what you really mean?
So, just write comment in Burmese.

genius said...

Tomahawk ပြောတာမှန်တယ် ။ ဘို လိုမမှုတ်ကြပါနဲ.ဗျာ။
ဖြစ်နိုင်ရင် ဗမာလိုဘဲ မှုတ်ကြပါ ၊
လိုရင်းကို ထိထိမိမိ ဖတ်နိုင်တာပေါ.ဗျာ ။
haymar ဆို English စာကောင်းပါတယ် ။ ဒါပေမယ့်
သူ. comment မှာ murderer သုံးရမယ်.နေရာတွေမှာ murder ချည်း
သုံး နေလို.ဖတ်ရတာ အဆင်မပြေလှဘူး ။
S.Mg Chain ရေးတာကလည်း ဖတ်ရတာမဟန်လှဘူး ။
preposition တွေ မခံဘဲရေးထားတယ် ။
အမှားထောက်ပြပေးတာကို ဗွေတော. မယူကြပါနဲ.ဗျာ ။
ကျုပ်လည်း ဘကြီးဘုန်းကြီး ဆီကသင်ထားသလောက်
မြင်မိလို.ပါ ။
But I agreed with your comments.

Anonymous said...
This comment has been removed by the author.